Apple ကုမ္ပဏီအနေနဲ့ ဥရောပသမဂ္ဂမှာ iOS ဂိမ်းစတိုး ဝန်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး နှောင့်နှေးမှုတွေဖြစ်ပေါ်နေတာကြောင့် ဂိမ်းထုတ်လုပ်သူတွေအနေနဲ့ များစွာ အခက်အခဲကြုံတွေ့နေရတယ်လို့ Epic Games မှ အမှုဆောင်အရာရှိချုပ်တစ်ဦးကပြောကြားထားတာကိုကိုးကားပြီး Reuters သတင်းမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းက Apple အနေနဲ့ ဥရောပစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဖိအားပေးမှုတွေ ကြောင့် iOS ဂိမ်းစတိုးအပိုင်းမှာ ပြောင်းလဲ ရွှေ့ဆိုင်းမှုတွေ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။
Epic Games ဟာ အမေရိကန်အခြေစိုက် ဗီဒီယိုဂိမ်းနဲ့ ဆော့ဖ်ဝဲတွေရေးဆွဲထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
Apple က အခုလို ဂိမ်းစတိုး ဝန်ဆောင်မှုအပိုင်းမှာ နှောနှေးမှုတွေဖြစ်ပေါ်နေတာကြောင့် ဥရောပမှာရှိတဲ့ iPhones နဲ့ iPad အသုံးပြုသူတွေအနေနဲ့ ဂိမ်း ဆော့ကစားရာမှာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ Epic Games မှ အမှုဆောင်အရာရှိချုပ်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းကလည်း Apple ကုမ္ပဏီဟာ iOS အက်ပ်အတွင်းငွေပေးချေမှု အပေါ် ၃၀ % အထိ ပေးဆောင်ရမယ့် စည်းမျဉ်းတွေကိုချိုးဖောက်ခဲ့တယ်လို့ ဥရောပစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကဆိုပါတယ်။
Reference:
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - support@buildmyanmar.com
#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia