ဥရောပသမဂ္ဂမှာ ပထမဆုံး နိုင်ငံတကာလျှပ်စစ်လေယာဉ်ခရီးစဉ်တွေ စတင် ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။
ဒီလို လျှပ်စစ်လေကြောင်းဖြင့် ပျံသန်းမှုခရီးစဉ်တွေကို ဥရောပသမဂ္ဂမှာ အခုနှစ်နွေရာသီအတွင်း နိုင်ငံတကာကို စတင်ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားကြောင်း Perplexity AI ရဲ့ ထုတ်ပြန်ချက်ဖော်ပြချက်အရသိရပါတယ်။
ဒီလိုလျှပ်စစ်လေကြောင်း ဖြင့် ဝန်ဆောင်မှုခရီးစဉ်တွေအရှိန်အဟုန်နဲ့အကောင်အထည်ဖော်ရတာ ဟာ ရေရှည်တည်တံ့တဲ့ လေကြောင်း ခရီးစဉ်အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်လာဖို့ ဥရောပ သမဂ္ဂအနေနဲ့ ရည်မှန်းထားတာဖြစ်ပါတယ်။
၂၀၂၄ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိအဆိုပါ Electrifly ပရောဂျက်က နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ ဂျာမနီနိုင်ငံရှိ လေဆိပ်တွေအကြားပျံသန်းပြေးဆွဲမှုကို စတင်မှာဖြစ်ပါတယ်။
ဒီလိုလျှပ်စစ်လေကြောင်းလိုင်းဝန်ဆောင်မှုဟာ ခရီးသည်တွေအတွက်ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်တဲ့ လေကြောင်းခရီးစဉ် ဖြစ်လာဖို့အတွက် ရည်ရွယ်ပြီး ဥရောပ သမဂ္ဂအနေနဲ့ အခုလိုအဆင့်မြင့်ဝန်ဆောင်မှုတွေပေးတာဖြစ်ပါတယ်။
Reference:
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - support@buildmyanmar.com
#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia