နာမည်ကြီး ဗို့ဆွာဂမ်ကားကုမ္ပဏီကနေ သူတို့ရဲ့ ကားတွေထဲ ပါတဲ့ IDA အသံစနစ်ထဲ ChatGPT ကို ထည့်သွင်းထားပြီလို့ ဆိုလာပါတယ်။ လာမဲ့ လပိုင်းက စလို့ ယာဉ်မောင်းသူတွေဟာ ကားရဲ့ စနစ်ထဲမှာ ပါဝင်နေတဲ့ ChatGPT နဲ့ အသံအားဖြင့် ပြောဆိုရင်း အဆက်အသွယ်ပြုနိုင်တော့မှာပါ။
အခုလို ယာဉ်ထဲ ထည့်သွင်းမြှုပ်နှံလိုက်တာကြောင့် ယာဉ်ထဲ လိုက်ပါလာသူတွေအနေနဲ့ လက်နဲ့ နှိပ်စရာမလိုဘဲ လမ်းကြောင်းမေးတာတွေ၊ အချက်အလက်တောင်းတာတွေနဲ့ ရာသီဥတုအခြေအနေ ကြည့်တာတွေ ဆောင်ရွက်လာနိုင်မယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။ တစ်ပြိုင်တည်းမှာပဲ ChatGPT ကို ယာဉ်နဲ့မဆိုင်ဘဲ တခြားကိုယ်သိချင်တာကိုလဲ လွယ်လင့်တကူ မေးမြန်းနိုင်မှာပါ။ ဒီလို Assistant ကိုလဲ 'Hello IDA' ဆိုပြီး ပြောလိုက်ရုံနဲ့ ခေါ်နိုင်ပါလိမ့်မယ်။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
ဒီစနစ်ကို Cerence လို့ ခေါ်တဲ့ အေအိုင်ကုမ္ပဏီကနေ ကူညီထည့်သွင်းပေးထားတာ ဖြစ်ပြီး သူတို့ဆီက Cerence Chat Pro နည်းပညာနဲ့ တွဲဘက် အသုံးပြုထားတာပါ။ အဲဒါကို ChatGPT အင်ဂျင်ပါ ထည့်ပေါင်းလိုက်တော့ ကားရဲ့ စနစ်က လူသွားများတဲ့ နေရာတွေ၊ လက်ရှိ ကစားနေတဲ့ အားကစားပွဲစဉ်တွေရဲ့ အခြေအနေတွေကိုပါ ပြန်ဖြေနိုင်လာပါတယ်။
ဗို့ဆွာဂမ်ဘက်က အသုံးပြုသူတွေရဲ့ အချက်အလက်ကိုလဲ ကာကွယ်ပေးထားတယ် ဆိုပါတယ်။ ကားသွားနေစဉ်မှာ မေးမြန်းထားသမျှ အကြောင်းအရာအားလုံးက အမည်မသိအဖြစ်ပဲ မှတ်တမ်းကျန်ခဲ့မှာ ဖြစ်ပြီး ပြီးတာနဲ့ တပြိုင်နက် ဆက်ရှင်ဒေတာကို ဖျက်မှာမျိုးပါ။ အခုတော့ ဒီစနစ်ကို ကားတချို့မှာပဲ ရနိုင်အုံးမှာ ဖြစ်ပေမဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းက စလို့ ထပ်တိုးချဲ့ဖို့ ရှိတယ်လို့ သိရပါတယ်။
Reference: Volkswagen Integrates ChatGPT. (n.d.). Perplexity AI. https://www.perplexity.ai/page/volkswagen-integrates-chatgpt-QIqirME0QH68oVvYfeVLww
Build Myanmar Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.
📅 New updates every day before 9:00 pm, MMT.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: support@buildmyanmar.com
BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media